ဒေါ်အောင်ဆန်းစုကြည် ဩစတြေးလျ သွားမည်
DVB
·
November 5, 2013
မြန်မာအတိုက်အခံခေါင်းဆောင် ဒီမိုကရေစီရေးဆောင်ရွက်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလကုန်ပိုင်းမှာ ဩစတြေးလျနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ဆစ်ဒနီ၊ ကင်ဘာရာနဲ့ မဲလ်ဘုန်းမြို့တွေကို သွားရောက်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆစ်ဒနီမှာ ကျင်းပမယ့် ကုလသမဂ္ဂ HIV/AIDS ဆိုင်ရာ ကွန်ဖရင့်ညီလာခံ အပါအ၀င် လူထုဆိုင်ရာ အခမ်းအနားတွေကို တက်ရောက်မှာဖြစ်ပြီး ဩစတြေးလျက မြန်မာအသိုင်းအ၀ိုင်းနဲ့လည်း တွေ့ဆုံဦးမှာဖြစ်ပါတယ်။
ဩစတြေးလျနိုင်ငံကနေ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ဂုဏ်ယူဝမ်းမြောက်ပါတယ်လို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ပ်က ပြောပါတယ်။