ဘိုတထောင် သိမ်းဆည်းမြေ ပြန်ရရေး ဆန္ဒပြ (သတင်းဓာတ်ပုံ)
DVB
·
November 5, 2013
ဘိုတထောင်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ အရင်စစ်အစိုးရလက်ထက်ကတည်းက မတရားသိမ်းဆည်းခဲ့ပြီး အခုလက်ရှိ အိမ်ယာစီမံကိန်းတွေ ဆောက်လုပ်နေတာကို မကျေနပ်တဲ့ ဒေသခံတွေက မြေယာတွေ ပြန်လည်ရရှိရေးအတွက် ဒီနေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက ဥပဒေချိုးဖောက်နေသော ခရိုနီတွေကို ဥပဒေနဲ့အညီ အမြန်ဆုံး ထိရောက်စွာ အရေးယူပေးရေး၊ တရားမျှတပြီး တရားဥပဒေရှိသော ဒီမိုကရေစီနိုင်ငံကြီး အစစ်အမှန်ဖြစ်ပါစေ အစရှိတဲ့ ပိုစတာတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/Botahtong05112013/]