Sea Games ပြိုင်ပွဲကာလအတွင်း တက္ကစီတိုးချဲ့မည်၊ ဈေးနှုန်း ပုံသေ သတ်မှတ်မည်
DVB
·
November 5, 2013
မကြာမီ ကျင်းပတော့မယ့် နေပြည်တော် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ကာလအတွင်း ရန်ကုန်- နေပြည်တော် ဘတ်စ်ကားလိုင်းအတွက် ကားသစ်တွေ ဖြည့်တင်း သွားမှာဖြစ်သလို ဘတ်စ်ကားဂိတ်နဲ့ အားကစားကွင်း၊ ဟိုတယ်နဲ့ အားကစားကွင်းတွေမှာလည်း တက္ကစီတွေ လုံလုံလောက်လောက် ထားပေးသွားဖို့ စီစဉ်ထားတယ်လို့ မထသ အဝေးပြေး တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဘတ်စ်ကားအသစ်တွေ ထပ်မံ တင်သွင်းပြေးဆွဲမှာ ဖြစ်ပေမယ့် ရန်ကုန်- နေပြည်တော် နဂိုဈေးနှုန်းအတိုင်းပဲ ပြေးဆွဲမှာဖြစ်ကြောင်း၊ နေပြည်တော်နဲ့ ရန်ကုန် ဘတ်စ်ကားဂိတ်တွေ၊ ဟိုတယ် - အားကစားကွင်း ပြေးဆွဲမယ့် တက္ကစီတွေကိုလည်း ပုံသေ ဈေးနှုန်းတွေ သတ်မှတ်ပြီး ပြေးဆွဲခိုင်းမှာ ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ ရန်ကုန်က တက္ကစီအားလုံး မီတာတွေ တပ်ဆင်ထားပေမယ့် မီတာနဲ့ ပြေးဆွဲဖို့ စီစဉ်မယ်၊ မစီစဉ်ဘူးဆိုတာကိုတော့ ဒီဗွီဘီက မေးမြန်းတာကိုတော့ ဖြေကြားနိုင်ခြင်း မရှိပါဘူး။