ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ်၊ သုမင်္ဂလာ ၄ လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲအနီး ဧပြီ ၂၅ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာ ဘဏ်ဝင်းထဲ ဗုံး ၂ လုံးဆင့်ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လုံခြုံရေးယူနေတဲ့ အကြမ်းဖက်စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ စစ်တပ်နဲ့ ရဲတွေ ထပ်မံရောက်ရှိလာပြီး ဘဏ်အတွင်းစစ်ဆေးနေသလို လမ်းပေါ်မှာလည်း အတားဆီးတွေပြုလုပ်ပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဧပြီ ဒုတိယပတ်က စတင်ပြီး ရန်ကုန်မြို့အပါဝင် မြို့ကြီးတော်တော်များများမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။