မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်မည်
DVB
·
November 5, 2013
လာမယ့် ၂၀၁၄ - ၁၅ ဘဏ္ဍာရေးနှစ်ကျရင် ကျပ်ငွေ ၁၇ ဘီလီယံနီးပါး အကုန်အကျခံပြီး မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ဖို့ လျာထားတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ငွေလုံးငွေရင်း အသုံးစားရိတ် ဖော်ပြချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ဟာ လှည်းတန်း ခုံးကျော်တံတားကို ငွေကျပ် ၁၄ ဘီလီယံကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၁၃ ဘီလီယံကျော် အကုန်အကျခံရမယ့် ရွှေဂုံတိုင် ခုံးကျော်တံတား၊ ငွေကျပ် ၂၁ ဘီလီယံ အကုန်အကျခံ တည်ဆောက်နေတဲ့ ဘုရင့်နောင် ၂ ထပ် ခုံးကျော်တံတားတွေကို တည်ဆောက်နေဆဲလည်း ဖြစ်ပါတယ်။
Read more