တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေစုပေါင်းပြီး ဒဲယ်ဂျောန်းမြို့မှာ ဧပြီ ၂၅ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြိုဆိုခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ခံကြိုဆိုပွဲကို ဒဲယ်ဂျောန်းမြို့ မြန်မာ့ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့က ဦးဆောင်ပြီး မြန်မာနိုင်ငံသားတွေနဲ့စုပေါင်းပြုလုပ်ခဲ့တာပါ။
အဲ့ဒီထောက်ခံပွဲမှာ အကြမ်းဖက်စစ်ကောင်စီကျဆုံးရေး၊ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေးနဲ့ ဒီမိုကရေစီရရှိရေးစတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြတယ်လို့ ပါဝင်သူ တစ်ဦးက ပြောပါတယ်။
ဧပြီ ၁၈ ရက်ကလည်း တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေဟာ နွေဦး တော်လှန်ရေးမှာ ကျဆုံးခဲ့သူတွေအတွက်လည်း ဆုတောင်းအမျှဝေခဲ့ကြပါတယ်။