ဟုမ္မလင်းမြို့တွင် ရဲစခန်းအပါဝင် နေရာ ၃ ခု ဗုံးကွဲ
DVB
·
April 25, 2021
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ ဧပြီ ၂၄ ရက် ည ၈ နာရီက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ဟုမ္မလင်းဒေသခံ တစ်ဦးက “ဟုမ္မလင်းမြို့မှာ ဗုံးပေါက်ကွဲတာ မြို့မရဲစခန်း၊ သီတဂူဆေးရုံနဲ့စာသင်ကျောင်းနားက မြို့မ ရပ်ကွက်အုပ်ချုပ်ရေးရုံးတို့မှာ ဖြစ်ခဲ့တယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့ဖြစ်စဉ်မှာ လူထိခိုက်ဒဏ်ရာ ရတာတွေ မရှိဘူးလို့ ဟုမ္မလင်းဒေသခံတွေထံက သိရပါတယ်။