Home
သတင်းတို
လေဆိပ်တွေမှာ လုံခြုံရေးရဲ ၃၄၀၀ ကျော်တိုးချထားမည်
DVB
·
November 5, 2013
ပြည်တွင်းလေဆိပ်တွေကို လုံခြုံရေး အပြည့်အ၀ ပေးနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင် အင်အား ၃၄၀၀ ကျော် တိုးချသွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရှိ လေကြောင်းရဲတပ်ဖွဲ့မှူးရုံးကို ကိုးကားပြီး ဒီနေ့ထုတ် စစ်တပ်ပိုင် မြ၀တီသတင်းစာက ဖော်ပြပါတယ်။ [caption id="attachment_32569" align="alignleft" width="300" caption="မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်"][/caption] လေဆိပ်တွေ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားတိုးပြီး ချထားတာ အပါအ၀င် လေဆိပ်က လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာတွေ တိုးချဲ့တပ်ဆင်တာ၊ နိုင်ငံတကာရဲတပ်ဖွဲ့တွေနဲ့ ပေါင်းပြီး သင်တန်း ဖွင့်လှစ်ပို့ချပေးတာတွေ လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ခုလို ပြည်တွင်းလေဆိပ်တွေကို လုံခြုံရေးတိုးမြှင့်ဖို့အတွက် လေကြောင်းရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး အဲဒီ တပ်ဖွဲ့က တာဝန်ယူ ဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024