၁ လ နီးပါးအတွင်း EASI Travel Master Card ကိုင်သူ ၄၀၀၀ လောက်ရှိ
DVB
·
November 5, 2013
ထုတ်ဝေပြီး ၁ လနီးပါးအတွင်း EASI Travel Master Card ကိုင်ပြီး အသုံးပြုသူ ၄ ထောင်ဝန်းကျင် ရှိလာပြီလို့ စီဘီဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဦးကျော်လင်းက နိုဝင်ဘာ ၄ ရက်နေ့ ရန်ကုန်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပြည်ပထွက်မယ့် မြန်မာနိုင်ငံသားတွေဟာ EASI Travel Master Card ကိုင်ပြီး ရောက်ရာနိုင်ငံမှာ ငွေကြေးထုတ်ယူသုံးစွဲနိုင်ရုံမက အွန်လိုင်းငွေပေးချေမှုတွေ လုပ်ရာမှာလည်း အသုံးပြုနိုင်ကြပါတယ်။
ပြည်ပကို ခရီးထွက်ရင်း ငွေကုန်သွားရင်လည်း မြန်မာပြည်မှာ ရှိတဲ့ ဆွေမျိုးသားချင်းတွေက စီဘီဘဏ်မှာ သွားရောက် ငွေသားဖြည့်တင်းပေးလို့ ရပါတယ်။
အဲဒီ EASI Travel Master Card တွေကို ကမ္ဘာ့နိုင်ငံပေါင်း ၂၁၀ ကျော်က အေတီအမ် စက် အလုံး ၂ သန်းကျော်နဲ့ ပီအိုအက်စ် စက် အလုံး ၄၂ သန်းလောက်မှာ အသုံးပြု ငွေထုတ်ယူနိုင်တယ်လို့ ဦးကျော်လင်းက ရှင်းပြပါတယ်။