တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ Gen-XYZ လူငယ်တွေက ဒီကနေ့မနက်ပိုင်း ပြောက်ကျားသပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြပါတယ်။
ကံပေါက် Gen-XYZ လူငယ်တွေက ဧပြီ ၂၂ ရက်နေ့က ဖမ်းဆီးထားတဲ့ ဦးကိုကိုဦးနဲ့ မောင်တိုးအောင်တို့အား အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဧပြီ ၂၂ ရက် ည ၇ လောက်က အကြမ်းဖက်စစ်ကောင်စီရဲ့ အရပ်ဝတ်နဲ့ လက်နက်ကိုင်လူတစ်စုက သီရိမင်္ဂလာရပ်ကွက်က နေအိမ်မှာမောင်တိုးအောင်အား လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ည ၁၁ နာရီလောက်မှာလည်း ဗိုလ်ချုပ်ရပ်ကွက်က ဦးကိုကိုဦးရဲ့ နေအိမ်မှာ ဇနီးဖြစ်သူအား လာရောက်ဖမ်းဆီးခဲ့ပေမယ့် နေအိမ်မှာ မရှိတဲ့အတွက် ဖမ်းဆီးမခံခဲ့ရဘူးလို့ ရပ်ကွက်နေပြည်သူ ၁ ဦးက ပြောပါတယ်။
ဦးကိုကိုဦးကတော့ ထွက်ပြေးခဲ့ပေမယ့် မလွတ်မြောက်ခဲ့ဘဲ အိမ်နံဘေးရှိ အိမ်နှစ်ဆောင်အကြား ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
မောင်တိုးအောင်နဲ့ ဦးကိုကိုဦးတို့နှစ်ဦးစလုံးကို ညတွင်းချင်း ရေဖြူမြို့နယ် အချုပ်ကို ပို့လိုက်တယ်လို့ သိရပါတယ်။
မောင်တိုးအောင်အား စစ်ကောင်စီဘက်က ပုဒ်မ ၅၀၅ (က)၊ ဦးကိုကိုဦးကို ပုဒ်မ ၂၈၈ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။