အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ STUM ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးကို ဧပြီ ၂၀ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီက အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတာဖြစ်ပြီး ရွှေပြည်သာတရားရုံးမှာ ဧပြီ ၂၉ ရက်နေ့ ရုံးချိန်းခေါ်ထားပါတယ်။
ဒေါ်မျိုးမျိုးအေးကို NLD ဗဟိုအလုပ်သမားရေးရာ ကော်မတီနဲ့ ပတ်သက်မှုရှိမရှိ၊ ရွှေပြည်သာ အလုပ်သမားသပိတ်ဦးဆောင်တာ နဲ့ ပတ်သက်ပြီး စစ်ဆေးတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် အလုပ်သမားအရေး ကူညီဆောင်ရွက်နေပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ဧပြီ ၁၅ ရက် နေ့ခင်းပိုင်းမှာ ဖမ်းဆီးခဲ့တာပါ။
ရွှေပြည်သာမြို့နယ် နဝရတ်ဈေးမှတ်တိုင်အနီးက သူ့ရုံးခန်းမှာ စစ်ကား ၄ စီး လူအင်အား ၄၀ လောက်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားဆောင်ရွက်နေသူ ဒေါ်မျိုးမျိုးအေးဟာ STUM ရဲ့ အစီအစဉ်ဒါရိုက်တာဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့အဖွဲ့အစည်းဟာ စစ်ကောင်စီအာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလကတည်းက အလုပ်သမားတွေနဲ့အတူ ဆက်တိုက်သပိတ်မှောက်ခဲ့ပါတယ်။