ထိုင်းဝန်ကြီးချုပ် အာဆီယံအထူးအစည်းအဝေး မတက်ရောက်

ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာဟာ အင်ဒိုနီးရှား မြို့တော် ဂျကာတာမှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့အထူးအစည်းအဝေးကို မတက်ရောက်ဘူးလို့ ထိုင်းအစိုးရ သတင်းရင်းမြစ်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းဌာနက ဧပြီ ၁၉ရက်မှာ ရေးပါတယ်။
ထိုင်းဝန်ကြီးချုပ် ကိုယ်စား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပူးတွဲ တာဝန် ထမ်းဆောင်သူ ဒွန် ပရာမဒ်ဝီနိုင်းကို စေလွှတ်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံထိပ်သီးအစည်းအဝေးကို တက်ဖို့ ဒုဝန်ကြီးချုပ်ကိုလွှတ်ရေး ဘာကြောင့် ဆုံးဖြတ်တယ်ဆိုတာကို သတင်းရင်းမြစ်က အကျယ်တဝင့် မပြောခဲ့ပါဘူး။
မြန်မာနိုင်ငံအတွင်း ယိုယွင်းလာနေတဲ့ အကြပ်အတည်းကို အဖြေရှာရေး လာမယ့်စနေမှာ အင်ဒိုနီးရှား မြို့တော် ဂျကာတာမှာ အာဆီယံအထူးညီလာခံ ကျင်းပဖို့ စီစဉ်ထားတာပါ။
Source: Prayut won't join Asean summit on Myanmar