ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ အရပ်ဝတ်နဲ့ လက်နက်ကိုင်တွေက ကုန်တင်ကားတွေ ကို သေနတ်နဲ့ ပစ်ခတ်လို့ ကားမောင်းသမား ၁ ဦးသေဆုံးပြီး တချို့ ဒဏ်ရာရသွားပါတယ်။
လယ်မှီးကျေးရွာနဲ့ ကျွန်းပင်သာကျေးရွာအကြား ကားလမ်းမကြီးမှာ ဧပြီ ၁၉ ရက်မနက် ၉ နာရီခွဲလောက်က အရပ်ဝတ်နဲ့ လက်နက်ကိုင် ၇ ယောက်က လမ်းမကြီးတစ်လျှောက် မောင်းလာတဲ့ ကားအကြီး ၆ စီးထဲက အရှေ့ဆုံးကား ၂ စီးကို ဘေးအနေအထားနဲ့ရော အရှေ့တည့်တည့်ကနေပါ သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။
ပစ်ခတ်မှုကြောင့် အရှေ့ဆုံးကားမှ ကားသမားဆင်းပြေးရာမှာ လယ်ကွင်းထဲမှာ အပစ်ခံရပြီး မှောက်ရက်အနေအထားနဲ့သေဆုံးသွားပါတယ်။ ကျန်တစ်ယောက်ကတော့ ဗိုက်နဲ့ လက် ပေါင်မှာ သေနတ်ဒဏ်ရာရပြီး မြစ်ကြီးနားဆေးရုံကို ပို့လိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒုတိယကားမှ ကားသမားလည်း ခြေထောက်မှာ သေနတ်ဒဏ်ရာတချို့ရ သွားတယ်လို့ သိရပါတယ်။