Live
Home
အနုပညာ
လူပုဂ္ဂိုလ်အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့်ထပ်မံအမှုဖွင့်
DVB
·
April 19, 2021

တက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည် အပါအဝင် နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်တပ်ရဲ့မီဒီယာက ဧပြီ ၁၈ ရက်မှာ ကြေညာပါတယ်။

အမှုဖွင့်ခံထားရသူတွေအထဲမှာ သက်ပိုင်ဝင်း၊ ကောင်းဆက်နိုင်၊ ကျော်ကျော်မောင်၊ သဥ္ဇာရွှန်းလဲ့ရည် ၊ မာလာဝင်း၊ ပေါက်စီ၊ စည်သူဇေယျ၊ ကောင်းမြတ်လင်း၊ နေဝင်း၊ နီလာအေး၊ ဇော်မင်း၊ လွင်လွင်စန္ဒီဇော်၊ ကြည်ပြာခိုင်၊ အောင်ကျော်ကျော်ဦး၊ မိုးဝင်းကျော်၊ ခင်မျိုးလှ၊ ဇေယျာ၊ ဆွေဆွေလှိုင်၊ ခိုင်ပန်းဝတ်ရည်ထွန်းနဲ့ ဇော်ထက်ကိုကို တို့ ပါဝင်ပါတယ်။

အဆိုပါ ပုဂ္ဂိုလ်တွေဟာ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေဖို့ လှုံ့ဆော်တာ၊ CRPHကိုထောက်ခံတာ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေဖို့  အများပြည်သူအထိတ်တလန့်ဖြစ်စေဖို့ သွေးထိုးလှုံ့ဆော်တာတွေကို လူမှုကွန်ရက် စာမျက်နှာမှာ  ဖော်ပြ ဖြန့်ဝေခဲ့တယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။

အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၂၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024