နယူးယောက် မာရသွန်ပြိုင်ပွဲ လုံခြုံရေး အထူးကြပ်မတ်သွားမည်

Photo by Reuturs
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ တနင်္ဂနွေနေ့ ကျင်းပဖို့ရှိတဲ့ မာရသွန် ပြေးပွဲကို လုံခြုံရေး အထူးကြပ်မတ်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ [caption id="attachment_45830" align="alignright" width="300" caption="Photo by Reuturs"][/caption] လွန်ခဲ့တဲ့ ၂ နှစ်က မာရသွန်ပွဲကို မကျင်းပဖြစ်ခဲ့ဘဲ အခုမှ ပြန်ကျင်းပဖြစ်တာ ဖြစ်ပါတယ်။ ဧပြီလတုန်းက လူ ၃ ယောက် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့တဲ့ ဘောစတွန်မာရသွန်ပွဲမှာ ဗုံးပေါက်မှု ဖြစ်ခဲ့တဲ့အတွက် နယူးယောက်မြို့တော်ရဲ့ မာရသွန်ပြိုင်ပွဲမှာ လုံခြုံရေး ဂရုစိုက်ဖို့ ဖြစ်လာတာ ဖြစ်ပါတယ်။ မနှစ်တုန်းက မာရသွန်ပွဲ ကျင်းပဖို့ ၁ ပတ်အလိုမှာ စူပါမုန်တိုင်း စန္ဒီရဲ့ဒဏ်ကို ခံခဲ့ရပြီး မာရသွန်ပွဲကို ဖျက်ပစ်ခဲ့ရပါတယ်။ ၂၆ ဒဿမ ၂ မိုင် အပြေးပြိုင်ပွဲမှာ လူပေါင်း ၄ သောင်း ၈ ထောင်လောက် ၀င်ပြိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ယူနီဖောင်းအပြည့်အစုံနဲ့ လုံခြုံရေးတွေ ချထားမယ်၊ ရဟတ်ယာဉ်တွေနဲ့ အပေါ်စီးကနေ စောင့်ကြည့်သွားမယ်။ အပြေးသမားတွေ ဖြတ်သွားမယ့် တံတားတွေအောက်မှာလည်း လှေတွေနဲ့ လုံခြုံရေးချထားမယ်၊ ပြိုင်ပွဲဝင်တွေရော၊ ပရိသတ်တွေပါ စိတ်ချလက်ချ ရှိအောင် လုံခြုံရေးအစီအစဉ်တွေ လုပ်သွားမယ်လို့ နယူးယောက်ရဲဌာနရဲ့ ကော်မရှင်နာ ရေးကယ်လီက ပြောပါတယ်။ ဒါတင်မက လောလောဆယ် လုံခြုံရေး ဗီဒီယိုကင်မရာတွေ ၆၀၀၀ ကျော် တပ်ဆင်ထား ပေမယ့် ပိုပြီး စိတ်ချရအောင် လုံခြုံရေးကင်မရာ ၁၄၀၀  ကို ထပ်ဖြည့်ထားပါသေးတယ်။ မာရသွန် အပြေးသမားတွေကိုလည်း အိတ်ကြီးကြီးပါတဲ့ ဂျပ်ကင်အင်္ကျီတွေ၊ မျက်နှာဖုံးတွေနဲ့ ကျောပိုးအိတ်တွေကို သယ်ဆောင်ခွင့် ပြုမှာမဟုတ်ပါဘူး။ အိတ်တွေအားလုံးကိုလည်း ပြိုင်ပွဲအစမှာပဲ စစ်ဆေးသွားဖို့ ရှိပါတယ်။

More News
Up