ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးပြီး ကား ၁ စီး မီးလောင် ပျက်စီးသွားပါတယ်။
ဖားကန့်လမ်း မရှီကထောင်ရွာအနီး ရေအေးချောင်းဘက်မှာ ဧပြီ ၁၆ ရက် နေ့လည် ၁ နာရီလောက်က စစ်တပ်ရဟတ်ယာဉ်လာစဉ် လုံခြုံရေး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေ အပြန်မှာ ကေအိုင်အေက အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီလက်နက်ကိုင်တပ်တွေက ဖားကန့်ကို ရဟတ်ယာဉ်နဲ့ လက်နက်တွေ လာပို့တယ်လို့ သတင်းရတာကြောင့် ဒီရဟတ်ယာဉ်အတွက် လုံခြုံရေးယူတဲ့ စစ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တာလို့ ကေအိုင်အေဘက်က ပြောပါတယ်။