ဧပြီ ၁၆ ရက်နေ့မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့မှာ မွန်ပြည်နယ်က ဒုဝန်ကြီး ၂ ဦး ပါဝင်လာပါတယ်။
အဲဒီ ဒုဝန်ကြီး ၂ ဦးကတော့ ကာကွယ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်နဲ့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မင်းဇေယျာဦးတို့ ဖြစ်ပါတယ်။
ကာကွယ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်ဟာ မွန်ပြည်သစ်ပါတီ(NMSP) ရဲ့ ဗိုလ်မှူးကြီးဟောင်း တစ်ဦးဖြစ်သလို မွန်ပြည်နယ်ပါတီရဲ့ စစ်ဦးစီးကော်မတီဝင်ဟောင်းလည်း ဖြစ်ပါတယ်။
ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်ဟာ မွန်ပြည်သစ်ပါတီ NMSP မှာ ၃၅ နှစ်ကြာ စစ်မှုထမ်းခဲ့သူ ဖြစ်ပါတယ်။
စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မင်းဇေယျာဦးကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦး ဖြစ်သလို အရင် မွန်အမျိုးသားပါတီ MNP ပါတီရဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးလည်း ဖြစ်ပါတယ်။