နယူးယောက်မြို့က ဟယ်လိုဝင် စီတန်းလှည့်လည်ပွဲ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ကြီးရဲ့ ဟယ်လိုဝင် နှစ်ပတ်လည် စီတန်း လှည့်လည်မှုတွေ ကြာသပတေးနေ့က ပြန်အသက်ဝင်လာပါတယ်။ [caption id="attachment_45800" align="alignright" width="300" caption="Photo by reuters"][/caption] ပြီးခဲ့တဲ့ နှစ်ကတော့ စူပါမုန်တိုင်း စန္ဒီကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုတွေ နေရာအနှံ့ဖြစ်ခဲ့ပြီး နှစ်စဉ်ကျင်းပနေကျ စီတန်းလှည့်လည်မှုကို ဖျက်သိမ်းခဲ့ရပါတယ်။ ဒီနှစ်မှာတော့ စီတန်းလှည့်လည်မှု ပြန်လည် ရှင်သန်လာခဲ့တာနဲ့အတူ စီတန်းလှည့်လည်မှု အတွင်း ပါဝင်သူတွေဟာလည်း အံ့မခန်း ထူးခြားဆန်းသစ်တဲ့  ၀တ်စုံတွေကို ဖန်တီးပြီး ရွှေပွဲလာ ပရိသတ်ကို တုန်လှုပ်စေခဲ့ပါတယ်။ ကချေသည် အုပ်စုက မိုက်ကယ်ဂျက်ဆင်ရဲ့ သရဲအကကို ထပ်တူနီးပါး ကပြခဲ့ရာမှာ ပရိသတ်တွေ  တအံ့တဩဖြစ်ခဲ့ရပါတယ်။ ထောင်နဲ့ချီတဲ့ စီတန်းလှည့်လည်သူတွေဟာ ၀တ်စုံအမျိုးမျိုးဝတ်ဆင်ထားပြီး  ကခုန်နေသူတွေ၊ အနုပညာရှင်တွေ၊ ဂီတပညာရှင်တွေနဲ့အတူ ပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။ တစ်မိုင်ရှည်လျားတဲ့ စီတန်းလှည့်လည်ရာလမ်းတလျောက် လူရွှင်တော်တွေ၊ စက်ရုပ်တွေ၊ ထူးခြားတဲ့ ကခြေသည်တွေ ဟာ နာမည်ကျော် ဇာတ်ဆောင်တွေဖြစ်တဲ့ ဘဇားဘေဘီရုပ်တွေ၊ ချာလီ ချက်ပလင်နဲ့  ပူဖောင်းလူ ရုပ်တွေစသဖြင့် ၀တ်စုံမျိုးစုံ တွေ့ရပါတယ်။ စီတန်းလှည့်လည်မှုဟာ နှစ် ၄၀ မြောက် ဖြစ်ပြီး ဒီနှစ် ပွဲတော်ကို လူပေါင်း ၂ သန်းကျော် တက်ရောက်မယ်လို့ မျှော်လင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up