စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့

၁၉၈၈ တော်လှန်ရေးမှာ ရင်းနှီး ပေးဆပ်ခဲ့ရတဲ့ ပြည်သူတွေရဲ့ အသက်သွေးချွေးပေါင်းများစွာနဲ့ ဘ၀ပေါင်းများစွာကို အချည်းနှီးဖြစ်စေခဲ့တာ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့က ငွေကြေးတွေပဲ ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ အခိုင်အမာရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းအားထုတ်ခဲ့တဲ့ စစ်အာဏာရှင်ကို စီးပွားရေးပိတ်ဆို့မှု မအောင်မြင်ခဲ့တာလည်း ရေနံနဲ့ သဘာ၀ဓာတ်ငွေ့က ဝင်ငွေတွေပဲ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာ မြန်မာပြည်ကို ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ ပြင်သစ်ကုမ္ပဏီ TOTAL ရဲ့ ရတနာသဘာ၀ ဓာတ်ငွေ့စီမံကိန်းဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အာဏာရှင်တွေအတွက် သန်းထောင်ချီတဲ့ ဒေါ်လာတွေကို ဖန်တီးပေးပြီး၊ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဂရုမစိုက်ဘဲ ရပ်တည်ဖို့ ဖန်တီးပေးခဲ့ပါတယ်။ အခု ၂၀၂၁ နွေဦးတော်လှန်ရေးမှာလည်း အရပ်ဘက်အဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အပါအဝင် CRPH နဲ့ ကုလသမဂ္ဂကိုယ်စားလှယ်တွေ … Continue reading စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့