Live
Home
မြန်မာသတင်း
ပြည်သူ့ဘက်ကရပ်တည်သည့် CDM ကျန်းမာရေးဝန်ထမ်း ၂၀ ကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်
DVB
·
April 14, 2021

မြန်မာနိုင်ငံဒေသအနှံ့ရှိ ပြည်သူ့ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးရုံအုပ်တွေ၊ မြို့နယ်ဆရာဝန်ကြီးတွေနဲ့ အထူးကုဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်း အယောက် ၂၀ ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းက ဧပြီ ၁၃ ရက်မှာ ကြေညာပါတယ်။

အမှုဖွင့်ခံရသူတွေအထဲမှာ ဇမ္ဗူသီရိပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ နော်မာသေး၊ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်စွာလွင်၊ ပျဉ်းမနား သံဃာ့ဆေးရုံအုပ် ဒေါက်တာ လှိုင်မို့မို့သူ၊ ကဝပြည်သူ့ဆေးရုံအုပ် ဒေါက်တာ မောင်မောင်ချစ်၊ ထီးချိုင့်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ကိုကိုနိုင်၊ ရေးမြို့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာသက်ပိုင်၊ ဘီးလင်းပြည်သူ့ဆေးရုံအုပ် မိုးကျော်သူ၊ တိုက်ကြီးပြည်သူ့ဆေးရုံအုပ် ဒေါက်တာနေမင်းမျိုးထွန်း၊ ရွာငံပြည်သူ့ဆေးရုံအုပ် ခွန်ဝင်းလတ်၊ လွိုင်လင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာမျိုးဇော်၊ ပင်လုံတိုက်နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ စိုင်းမြတ်သူရ၊ နန့်စန်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ အောင်နိုင်ဦးတို့ပါဝင်ပါတယ်။

ဒါ့အပြင် တန့်ယန်းမြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်ဇော်ဦး၊ လယ်ဝေးမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ အိဇင်ငြိမ်း၊ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ အထူးကု ဒေါက်တာ အောင်ကျော်သူ၊ တပ်ကုန်းဆေးရုံ အထူးကု ဒေါက်တာထက်လင်း၊ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ အထူးကု ဒေါက်တာ မီမီစိန်တိုး၊ ဗန်းမော်ပြည်သူ့ဆေးရုံ အထူးကု ဒေါက်တာ ဆွေဆွေလှိုင်နဲ့ ဒေါက်တာ ဝါဝါမင်းတို့ လည်းပါဝင်ပါတယ်။

ဒီထဲက အထူးကုဆရာဝန် ၅ ဦးဟာ CDM လုပ်ဆောင်ပြီး ပုဂ္ဂလိကဆေးရုံတွေမှာ ဆေးကုသနေတာ စစ်ဆေးတွေ့ရှိရတယ်လို့လည်း ကြေညာသွားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024