ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့နယ်ခွဲမှာ လေဘေးသင့် ထိခိုက်ပျက်စီးသွားတဲ့ ပရဟိတကျောင်း ပြန်လည်ပြုပြင်ရေးအတွက် အလှူရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။
ခိုလမ်မြို့နယ်ခွဲမှာ ဧပြီ ၁၁ ရက် ညနေပိုင်းက မိုးသက်လေပြင်းကျရာ လမ်းမီးတိုင်လဲကျ၊ သစ်ပင်ကြီးတွေ လဲပြိုခဲ့ပြီး နောင်ဖာကျေးရွာရှိ ပရဟိတစာသင်ကျောင်းအပါအဝင် နေအိမ် ၇ လုံးလောက် ခေါင်မိုးတွေလည်း လွှင့်ထွက်ပျက်စီးခဲ့တာပါ။
ပျက်စီးသွားတဲ့ ပရဟိတကျောင်းမှ ကျောင်းအိပ် ကျောင်းစားကလေးငယ် ၅၀ ကျော် ဘုန်းတော်ကြီး ကျောင်းသို့ ရွှေ့ပြောင်းခိုလှုံခဲ့ရပါတယ်။
ဆက်သွယ်ရန် ဆရာတော်ဦးပန္တိတ - ၀၉ ၄၂၁၁၄ ၈၇၄၈
ဓာတ်ပုံ - ခိုလမ်ဒေသခံ