အိမ် အပြန်လမ်း

“ရပ်..ဒိုင်း” ပါးစပ်ကထွက်ကျလာတဲ့ အသံ။ သေနတ်ပြောင်းဝက ထွက်ပေါ်လာတဲ့အသံ။ ထိုနှစ်သံ.. တချိန်တည်း၊ တပြိုင်တည်း ကြားလိုက်ရတယ်။ သူ သိလိုက်ပြီ။ သူတို့ သေနတ်ဖြင့် အပစ်ခံရပြီ။  သူတို့ဆိုတာက ဆိုယ်ကယ်စီးနေတဲ့ ကိုဘိုဘိုနှင့် ကျောချင်းကပ် လိုက်ပါစီးနေတဲ့ သူ့ဇနီး မထက်ထက်ဝင်း။ အချိန်က ည ၈ နာရီစွန်းစွန်း။  ညမထွက်ရ အမိန့်ထုတ်ပြန်ထားတော့ ထိုအချိန် လမ်းပေါ်မှာ သွားလာသူ ကင်းမဲ့လျက်။ ဆိုင်ကယ်တစ်စီးကတော့ မန္တလေးမြို့၊ မနော်ဟရီလမ်းမထက်မှာ တသောသောပြေးလျက်။ ဆိုင်ကယ်ပေါ်မှာတော့ ကိုဘိုဘိုတို့ အကြင်လင်မယား။ အလုပ်ကိစ္စဖြင့် ဧည့်သည်နဲ့တွေ့ဆုံ၊ ညစာအတူစားပြီး လင်မယားနှစ်ယောက် အိမ်ပြန်လာစဉ် အချိန်က ည ၈ နာရီစွန်းနေပြီဆိုတော့ ရင်ထဲမှာတော့ တထိတ်ထိတ်။ အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပက်ပင်းမတိုးမိစေနဲ့လို့ ဆုတောင်းရင်းပေါ့။  ဒါပေမဲ့ ကိုဘိုဘိုရဲ့ … Continue reading အိမ် အပြန်လမ်း