မန္တလေးမြို့မှာ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တပ်ပေါင်းစု သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြချီတက်ရာမှာ ဗကသ စစ်ကြောင်း၊ စက်မှုသပိတ်စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေးစစ်ကြောင်း၊ အထက (၇) ကျောင်းသား ကျောင်းသူဟောင်းများစစ်ကြောင်း၊ ပညာရေးသပိတ်စစ်ကြောင်း၊ သမဝါယမ တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း ချီတက်ခဲ့ပါတယ်။
အတာအိုးတွေ သင်္ကြန်ပန်းကုံးတွေနဲ့ ချီတက်ခဲ့ပြီး စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြပါတယ်။