မန္တလေးတိုင်း မိုးကုတ်မြို့ရှိ ချဲဘုရားတောင်နဲ့ ရွှေစည်းခုံစေတီအနီးတဝိုက်မှာ ဧပြီလ ၁၂ ရက် ည ၈ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုဖြစ်ပွားတဲ့ အသံတွေကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ခါတိုင်းလို ဆန္ဒပြပြည်သူတွေကို ပစ်ခတ်တဲ့ ပုံစံမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေကယူဆနေကြပြီး တိုက်ပွဲ ဖြစ်တဲ့အနီးအနားမှာလည်း တီးတိုးစကားပြောသံတွေကြားနေရတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်တာလဲဆိုတာကိုတော့ မသိရသေးသလို ပစ်ခတ်မှုကြောင့် လူတွေထိခိုက်သေဆုံးမှုရှိမရှိ သတင်းတွေ မရရှိသေးပါဘူး။