Home
မြန်မာသတင်း
အလောဘွမ်‌‌တောင်တိုက်ပွဲတွင် ခလရ ၃၈၇ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံး
DVB
·
April 12, 2021

ကချင်ပြည်နယ်မှာ ဧပြီ ၁၂ရက် မနက်ကဖြစ်ပွားခဲ့တဲ့ အလောဘွမ်တောင် တိုက်ပွဲမှာ မိုးမောက်အခြေစိုက် ခလရ ၃၈၇ တပ်ရင်းမှူး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ သေဆုံးသွားတယ်လို့ ကေအိုင်အေ အရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။

တိုက်ပွဲမှာ တပ်ရင်းမှူးအပါအ၀င် အာဏာသိမ်း စစ်ကောင်စီတပ်တွေ ဘက်ကအကျဆုံးများခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်းပြောပါတယ်

ကျဆုံးသွားတဲ့ တပ်ရင်းမှူးအလောင်းကိုရဟတ်ယာဉ်နဲ့ လာရောက်သယ်ဆောင်‌သွားခဲ့ပြီးနောက် ကေအိုင်အေ ထိန်းချုပ်ရာ အလောဘွမ်တောင်အား စစ်တပ်က လေယာဉ်နဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ရာမှာ တရုတ်နိုင်ငံ လေပိုင်နက်ကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းတွေထွက်နေပေမဲ့ ဒီဗွီဘီက အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

အလောဘွမ်တောင် တိုက်ပွဲနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ မီဒီယာတွေမှာလည်း သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024