Home
မြန်မာသတင်း
အသစ်ဖွဲ့မည့် သတင်းမီဒီယာကောင်စီကို လွတ်လပ်သောသတင်းသမားများက အသိအမှတ်မပြုဟု ကြေညာ
DVB
·
April 10, 2021

ဧပြီလကုန်ပိုင်းမှာ စစ်ကောင်စီက အသစ်ဖွဲ့စည်းမယ့် သတင်းမီဒီယာကောင်စီကို လွတ်လပ်တဲ့သတင်းသမားများ အင်အားစုက အသိအမှတ်မပြုကြောင်း ဧပြီ ၉ ရက်က ထုတ်ပြန်လိုက် ပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖွဲ့ကာ စစ်ကောင်စီ အလိုကျ လုပ်ဆောင်ပေးမယ့် မြန်မာနိုင်သတင်းမီဒီယာကောင်စီရွေးချယ်တင်မြှောက်ပွဲကို ဧပြီလ ၃၀ ရက်မှာလုပ်ဖို့ လုပ်ဆောင်နေတာပါ။

အခုဖွဲ့စည်းမယ့်ကောင်စီမှာ သတင်းစာကျင့်ဝတ်ကို မလိုက်နာတဲ့ သတင်းသမားအရေခြုံ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရဲသတင်းပေးအဖွဲ့အစည်းတွေပါဝင်နေတယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ  သတင်းမီဒီယာနာမည်တပ်ပြီး ဖွဲ့စည်းမယ့် ဘယ်အဖွဲ့အစည်းကိုမျှ လက်ခံမှာ မဟုတ်ကြောင်းနဲ့ အဲဒီအဖွဲ့အစည်းတွေမှာ ပါဝင်ကြမယ့်သူတွေ ကိုလည်း သတင်းမီဒီယာသမားတွေအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024