Home
မြန်မာသတင်း
ကျဆုံးသူရဲကောင်းများအတွက် ဧပြီ ၁၁ ရက် အစိမ်းရောင်ကမ်ပိန်း(Green Day Strike) အားလုံး ပါဝင်နိုင်
DVB
·
April 9, 2021

စစ်အာဏာရှင် အလိုမရှိကြောင်း မြန်မာပြည်သူတွေက နည်းလမ်းမျိုးစုံနဲ့ ဆန့် ကျင်ဆန္ဒပြနေကြရာမှာ ခုတခါမှာတော့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ကြ တဲ့ သူရဲကောင်းတွေအတွက် အစိမ်းရောင်ကမ်ပိန်း(Green Day Strike)မှာ ပါဝင်ကြဖို့ နှိုး ဆော်ထားပါတယ်။

ဒီကမ်ပိန်းကိုတော့ "မြန်မာပြည်လည်း ကံကြမ္မာဆိုးကနေ လွတ်မြောက်ပြီး အား မာန်သစ်နဲ့ ပြန်လည်နိုးထလာရမည်" ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပြီး သစ်ပင်၊ သစ်ရွက်၊ အိမ်တွင်း အလှစိုက်သစ်ပင်‌တွေနဲ့အတူ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ် ပိန်းမှာ လူမျိုးဘာသာမရွေး ပါဝင်နိုင်ပြီး အစိမ်းရောင်ရှိတဲ့ သစ်ရွက်တင်မက အားလုံး အနေနဲ့ လွယ်လင့်တကူ ကြွေထားတဲ့ ရွက်နီ၊ ရွက်ဝါတွေနဲ့လည်း ပါ၀င်လို့ရမှာ ဖြစ်ပါ တယ်။

လာမယ့် ဧပြီ ၁၁ ရက်မှာ တပြိုင်တည်း ပြုလုပ်မယ့် ဒီကမ်ပိန်းမှာတော့ ရေစင် အောင်ဆေး၊ ခြောက်အောင် ပြန်သုတ်ထားတဲ့ သစ်ရွက်ရဲ့ ကြိုက်တဲ့ မျက်နှာစာပေါ်မှာ စာတိုလေးတွေ ရေးပြီး ပါဝင်နိုင်မှာပါ။ သစ်ရွက်ကို ယူလို့မရတဲ့နေရာတွေအတွက် ကိုယ့် အိမ်တွင်းက အလှစိုက် သစ်ပင်တွေကို ဖန်တီးမှု ပြုလုပ်ပြီး ပါ၀င်နိုင်ပြီး သစ်ရွက် မရှိ ရင်တောင် ငယ်ငယ်ကခေါ်ကြတဲ့ စက္ကူသစ်ပင်(စက္ကူပန်း)တွေနဲ့ ဖန်တီးမှုပြုလုပ်ပြီး ပါ ၀င်လို့ရပါတယ်။ ဒါမှမဟုတ် သစ်ရွက်နဲ့ သစ်ပင် ပင်စည်ကနေ Hand-made(လူလုပ်)နဲ့ ပြုလုပ်ထားတဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေနဲ့လည်း ကမ်ပိန်းမှာ ပါ၀င်လို့ရပြီး သစ် ရွက် မခူးချင်သူတွေကတော့ သစ်ပင်စိုက်တဲ့ အလေ့အကျင့်ဟောင်းနဲ့ ပါ၀င်လို့ရမှာ ဖြစ်ပါ တယ်။

 ဓာတ်ပုံရိုက်ပြီး အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြန်လည်မျှဝေ ရင်တော့ #GreenDayStrike #Apr11Coup နဲ့ #WhatsHappeningInMyanmar စတဲ့ Hashtags တွေ ကို အသုံးပြုပြီး တင်ကြရမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို ပြည်သူတရပ်လုံးက လက်မခံပဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၂ လကျော်လာခဲ့ပြီဖြစ်ကာ လတ်တလောအချိန်အထိ ကျဆုံးသူပေါင်း ၆၀၀ ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024