တိန်အန်မင် ကားမီးလောင်မှု သံသယရှိသူ ၂ ဦးကို တရုတ်ရှာဖွေ

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ တိန်အန်မင်ရင်ပြင်က ကားမီးလောင်မှုနဲ့ ပတ်သက်ဖွယ်ရှိတဲ့ လူ ၂ ဦးကို တရုတ်အာဏာပိုင်တွေ စုံစမ်းရှာဖွေနေပါတယ်။ အဲဒီလူတွေဟာ မွတ်စလင်တွေ အများစု နေထိုင်တဲ့ ရှင်းကျန်းပြည်နယ်က ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အောက်တိုဘာ ၂၈ ရက်တုန်းက လူအုပ်ထဲကို မောင်းနှင်လာခဲ့ပြီး မီးလောင်ခဲ့တဲ့ SUV ကားထဲ ပါလာသူ ၃ ဦးကလည်း ရှင်းကျန်းပြည်နယ်ကပဲ ဖြစ်မယ်လို့ ဆိုပါတယ်။ ပေကျင်းရဲ့ အချက်အချာရင်ပြင်က ကားမီးလောင်မှု ဖြစ်ပွားပြီးနောက်မှာ ရဲတပ်ဖွဲ့ဟာ သူတို့ရဲ့ ရှာဖွေ ဖမ်းဆီးရေးအဖွဲ့တွေကို မြို့တော်တခွင် ဖြန့်ချထားလိုက်ပြီး ဟိုတယ်တွေနဲ့ မော်တော်ယာဉ်တွေကို စစ်ဆေးနေပြီး သံသယရှိတဲ့ ၂ ဦးကို လိုက်ရှာနေပါတယ်။ အစပိုင်းကတော့ လူ ၅ ဦး သေဆုံးပြီး လူ ၃၈ ယောက် ဒဏ်ရာရရှိခဲ့တဲ့ သာဆုမန် ကားမတော်တဆမှုလို့ ယူဆထားတဲ့ ဒီဖြစ်ရပ်ဟာ ရှင်းကျန်းပြည်နယ်က လူတွေ လုပ်ဆောင်တဲ့ အသေခံတိုက်ခိုက်မှုလို့ သံသယရှိလာတာလို့ အောက်တိုဘာ ၂၉ ရက်နေ့ ထိပ်တန်းသတင်းရင်းမြစ် ၂ ခု မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရှင်းကျန်းပြည်နယ်မှ ကားလိုင်စင်ပလိတ်ပြား ၄ ခုလည်း တွေ့ရှိတယ်လို့ ဆိုပါတယ်။ စစ်ဆေးချက်အရ အဲဒီသံသယရှိသူတွေဟာ တရုတ်ပြည် အနောက်မြောက်ပိုင်း ရှင်းကျန်းပြည်နယ်မှ တူရကီစကားပြော ၀ီဂါတိုင်းရင်းသားတွေ ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၃၀ ရက်မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပြီး ပေကျင်းမြို့တော်ဆီ ၀င်ရောက်လာတဲ့ မော်တော်ယာဉ်တွေကိုလည်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ကားမီးလောင်မှု ဖြစ်အပြီးမှာ တိန်အန်မင်ရင်ပြင်ကို ပိတ်လိုက်ခဲ့ပေမယ့် အောက်တိုဘာလ ၂၉ နေ့မှာတော့ ကမ္ဘာလှည့်ခရီးသည်တွေကို ၀င်ရောက်ခွင့် ပြန်ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up