Home
မြန်မာသတင်း
ဖမ်းဆီးခံ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို စစ်အုပ်စုက အဂတိမှုပုဒ်မ ထပ်တိုး
DVB
·
April 8, 2021

စစ်အုပ်စုရဲ့ ဖမ်းဆီးခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်  ဒေါက်တာအေးဇံကို အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ ထပ်မံ အမှုဖွင့်အရေးယူထားတယ်လို့  MRTV က ဧပြီ ၇ ရက် ညပိုင်းမှာ ကြေညာသွားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လုပ်ထုံးလုပ်နည်းတွေကို ဖောက်ဖျက်ပြီး သံလွင်မြစ် အတွင်း  စုပ်ယူနေတဲ့ လုပ်ငန်းရှင်တွေထံကနေ ငွေကျပ်သိန်း ၅၆၉၀ လက်ခံရယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အဲလို ရယူခဲ့တဲ့အတွက်ကြောင့် နိုင်ငံတော်က ရရှိမယ့် ဘဏ္ဍာရန်ပုံငွေ ကျပ်သိန်း ၁၃၂၀ နစ်နာဆုံးရှုံးခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါအပြင် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟာ ကိုဗစ်-၁၉ ရန်ပုံငွေတွေကို ပုဂ္ဂိုလ်ရေးအရ တခြားသူတစ်ဦးအား ငွေကျပ်သိန်း ၂၀၀ ထုတ်ပေးခဲ့တဲ့အပြင် အခြားပုဂ္ဂိုလ် ၂ ဦးကိုလည်း ကျပ်သိန်း ၆၅၀ ထုတ်ပေးခဲ့တယ်လို့ အကြမ်းဖက် စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဒါကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) အပြင် အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ပ ါ ထပ်တိုး အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024