မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းဖြစ်စဉ်ဟာ အရင်အစိုးရနဲ့ အာဏာသိမ်းသူတို့ အချင်းချင်းဖြစ်ကြတာကြောင့် မှတ်ချက်ပေးဖို့မရှိဘူးလို့ UWSA ‘ဝ’တောင်ပိုင်းဆက်ဆံရေးတာဝန်ခံ ဉီးဆမ်ပိန်းကပြောပါတယ်။
စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြည်သူတွေ သေဆုံးနေကြတဲ့အပေါ်ကိုတော့ စိတ်မကောင်းဘူးလို့ ဉီးဆမ်ပိန်းကပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းဖြစ်စဉ်နဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ ‘ဝ’တပ်ဖွဲ့လည်းပါဝင်ပါတယ်။
လက်ရှိမှာလည်း ‘ဝ’တောင်ပိုင်း၊ စစ်ဒေ (၁၇၁)၊ ဝမ်ဟုန်မှာ ရှေးဉီးသူနာပြုနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်က ‘ဝ’တပ်ဖွဲ့ဝင်တွေကို သင်တန်းပေးနေပါတယ်။ ဒါဟာ သင်တန်းဒုတိယ အပတ်စဉ်လည်း ဖြစ်ပါတယ်။
အရေးပေါ်အခြေနေနဲ့ပတ်သက်လို့ ဘယ်လိုကုသရမလဲဆိုတာကို သင်တန်းပေးနေတာဖြစ်တဲ့အတွက် သာမာန်ကိစ္စပဲလို့ ဉီးဆမ်ပိန်းကပြောပါတယ်။