မန္တလေး စက်မှုစုပေါင်းသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ
DVB
·
April 7, 2021
မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီ ရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ နေရာတိုင်းမှာရှိနေပေမယ့် ဧပြီ ၇ ရက်နေ့က စစ်အာဏာရှင်ကျဆုံးရေးအတွက် စက်မှု စုပေါင်းသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြရာမှာ လမ်းလျှောက်ချီတက်တာတွေရှိသလို ဆိုင်ကယ်နဲ့ ချီတက်တာတွေရှိပြီး စစ်အာဏာရှင်ကျရှုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြပါတယ်။