သာကေတတွင် လိုအပ်သူယူ ဒါနပြု
DVB
·
April 6, 2021
ရန်ကုန်၊ သာကေတမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက လူငယ်တွေ ရပ်ကွက်တွင်းလှည့်ပြီး တပိုင်တနိုင်အလှူ ပြုလုပ်ကြပါတယ်။
အလှူရှင်တွေရဲ့ ထည့်ဝင်မှုနဲ့ ဆန်၊ ဆီ၊ ငါး၊ ဟင်းသီးဟင်းရွက်တွေကို လှည်းတွေပေါ်တင်ပြီး လိုက်လံပေးဝေလှူဒါန်းကြတာဖြစ်ပါတယ်။
ဒီကနေ့ ၂ မြောက်ရပ်ကွက်မှာ လှည်း ၈ စီးနဲ့ ကျပ် ၉ သိန်းကျော်ဖိုး မျှဝေလှူဒါန်းခဲ့ပြီး ဒီအလှူလုပ်တာ ၃ ရက်ရှိပြီဖြစ်ပါတယ်။
ဒီအစီအစဥ်က ခုလို ဝင်ငွေနည်းပါးတဲ့ကာလ နွမ်းပါးသူတွေ အဆင်ပြေစေဖို့အတွက် လိုရင်ယူ၊ ပိုရင်လှူကြတာဖြစ်ပါတယ်။