Home
အနုပညာ
ရုပ်ရှင်သရုပ်ဆောင် ခါရာ၊ အဆိုတော် သားငယ်နှင့် ဂျာနယ်လစ်များအပါအဝင် နောက်ထပ် အယောက် ၂၀ ကို အမှုဖွင့်
DVB
·
April 5, 2021

ရုပ်ရှင်သရုပ်ဆောင် ခါရာ၊ မြန်မာအိုင်ဒေါ အဆိုတော် သားငယ်၊ ဂျာနယ်လစ် စည်သူအောင်မြင့်၊ မြတ်ကျော်သူနဲ့ MRTV-4 ကရုပ်သံ စီစဉ်တင်ဆက်သူ သဇင်နွယ်ဝင်းတို့ အပါအဝင် ပြည်သူဘက်ကရပ်တည်ကူညီပေးနေတဲ့ လူပုဂ္ဂိုလ် နောက်ထပ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မီဒီယာတွေက ဒီနေ့ ထပ်မံ ကြေညာပါတယ်။
ဒီကနေ့ အမှုဖွင့်ခံရသူတွေကတော့ ဆုအိမ့်စံ၊ မြတ်နိုးအေး၊ သံသာမိုးသိမ့်၊ ခါရာ၊ ခင်နှင်းကြည်သာ၊ စူးရှနိုင်၊ ဇော်ဝင်းထွန်း (ခ) သားငယ်၊ သဇင်နွယ်ဝင်း၊ နော်ထိုက်ထိုက်ထွန်း၊ ဂျူလိုင်မိုး၊ စည်သူအောင်မြင့်၊ မြတ်ကျော်သူ၊ နှင်းဆုဖြိုး၊ ခင်နံ့သာ၊ သီတာအောင်၊ ဇေယျာထွန်း၊ ကျော်ဇေယျ၊ သန္တာမြင့်သူစိုး၊ ဇင်မျိုးလွင်နဲ့ ကျော်စွာဝင်းတို့ ဖြစ်ကြပါတယ်။
အဆိုပါ ပုဂ္ဂိုလ်တွေဟာ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုပြီး နိုင်ငံတော် အုပ်ချုပ်မှုယန္တရားပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေဖို့လှုံ့ဆော်တာ၊ CRPHကို ထောက်ခံတာ စတာတွေကြောင့် အမှုဖွင့်အရေးယူတာလို့ ဆိုပါတယ်။
အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၁၀၀ လောက် ရှိသွားပြီဖြစ်ပါတယ်။

Photo- Credit

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024