Home
သတင်းတို
မီတာခ တိုးမြှင့် ကောက်ခံမည်
DVB
·
October 29, 2013
လာမဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာ စ ပြီး အကျုံးဝင်မယ့် တိုးမြှင့် သတ်မှတ်လိုက်တဲ့ မီတာခ တွေကို အစိုးရက ဒီနေ့ ကြေငြာပါတယ်။ အိမ်သုံး ယူနစ် ၁၀၀ အထိကို ၁ ယူနစ် ၃၅ ကျပ်နှုန်း၊ ယူနစ် ၁၀၀ ကျော်တာနဲ့ ၁ ယူနစ် ၅၀ ကျပ်နှုန်း၊ လုပ်ငန်းသုံး ယူနစ် ၅၀၀၀ အထိကို ၁ ယူနစ် ကျပ် ၁၀၀ နှုန်း၊ ယူနစ် ၅၀၀၀ ကျော်ရင် ၁ ယူနစ် ကျပ် ၁၅၀ နှုန်း၊ ၀န်ကြီးဌာနဆိုင်ရာတွေရဲ့ ရုံးသုံး ၁ ယူနစ် ကျပ် ၅၀ နှုန်းနဲ့ စက်မှုလုပ်ငန်းသုံး ၁ ယူနစ် ကျပ် ၁၀၀ သတ်မှတ်လိုက်ပါတယ်။ ဒီလို မီတာခ မတက်ခင် လက်ရှိ အသုံးပြုနေတဲ့ မီတာခတွေကတော့ အိမ်သုံး ၁ ယူနစ် ၃၅ ကျပ်နှုန်းနဲ့ လုပ်ငန်းသုံး ၇၅ ကျပ်နှုန်း ဖြစ်ပါတယ်။ နောက်ဆုံး မီတာခမတက်မီ အချိန်တုန်းကလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ အိမ်သုံး ၁ ယူနစ် ၂၅ ကျပ်ကနေ ကျပ် ၅၀၊ လုပ်ငန်းသုံး ၁ ယူနစ် ကျပ် ၅၀ ကနေ ၁၀၀ ကျပ်ထိ ၂ ဆတိုး သတ်မှတ်လိုက်တာကြောင့် ပြည်သူတွေက ၀ိုင်းဝန်း ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။ ဒီအတွက် အိမ်သုံး ၁ ယူနစ် ၂၅ ကျပ်၊ လုပ်ငန်းသုံး ၁ ယူနစ် ၇၅ ကျပ် လျော့ချ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆ သောင်းကျော်အနက် ၂ သောင်းကျော်လောက်ပဲ လျှပ်စစ်မီး သုံးစွဲနိုင်ပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်နဲ့ ကော့သောင်း၊ ရခိုင်ပြည်နယ် စစ်တွေနဲ့ သံတွဲ စတဲ့မြို့တွေမှာတော့ ကိုယ်ထူကိုယ်ထ မီးပေးစနစ်တွေပဲ ရှိပြီး ပြည်သူတွေဟာ ၁ ယူနစ် ကျပ် ၅၀၀ အထက် ကုန်ကျခံ သုံးစွဲနေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024