ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရပေါင်း ၁၃၁ သန်းကျော်၊ မြန်မာတွင် ၁၄၂,၄၇၉ ဦးရှိလာ

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၃၁ သန်းကျော် ရှိလာခဲ့ ပြီဖြစ်ကာ အမေရိကန်နိုင်ငံတနိုင်ငံတည်းမှာတင် ရောဂါကူးစက်ခံရသူပေါင်း ၃၁ သန်း ကျော် ရှိလာနေပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်းကတော့ ၂၈ ဒသ မ ၅ သိန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၁၀၅ သန်း ကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၁ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၆ သောင်းကျော် ရှိနေပြီး သူ့နောက်မှာတော့ ဘရာဇီး နိုင်ငံက ကူးစက်ခံရသူ ၁၃ သန်းနီးပါး၊ သေဆုံးသူ ၃ သိန်းကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

တတိယနေရာမှာတော့ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂ သန်း ကျော်၊ သေဆုံးသူ ၁ သိန်း ၆ သောင်းကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည် နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ပြင်သစ်၊ ရုရှားနဲ့ ယူကေနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်းကျော်စီ၊ အီတလီ၊ တူရကီနဲ့ စပိန်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ ဂျာ မနီ၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ ပိုလန်နဲ့ မက္ကဆီကိုနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်း ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အီရန်၊ ယူကရိန်း၊ ပီရူး၊ တောင်အာဖရိက၊ ချက်သမ္မတနိုင်ငံ၊ အင်ဒိုနီးရှား၊ နယ်သာလန်နိုင်ငံတွေနဲ့အတူ ချီလီနိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူး စက်ခံရသူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံထိ ရှိလာ ခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အ မှတ်စဉ် ၉၂ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အီရတ်နဲ့ အစ္စရေးနိုင်ငံတွေက ရောဂါကူးစက်ခံရသူဦးရေ ၈ သိန်းကျော်စီ၊ ဖိလစ်ပိုင်နိုင်ငံက ၇ သိန်းကျော်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျော်ဒန်နိုင်ငံတွေက ရောဂါကူးစက်ခံရသူ ဦးရေ ၆ သိန်းကျော်စီနဲ့ အသီး သီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၂,၄၇၉ ယောက်၊ သေဆုံး သူ ၃,၂၀၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၁,၇၈၁ ယောက်ရှိနေပြီး အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃ သိန်းခွဲ နီးပါးနဲ့ သေဆုံးသူ ၁,၂၈၆ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆ သောင်းကျော်နဲ့ သေ ဆုံးသူအရေအတွက်အယောက် ၃၀ ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂ သောင်း ၉ ထောင်ကျော်နဲ့ သေဆုံးသူ ၉၅ ယောက် ရှိနေပါ တယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၆၂၆ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၁၄ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၆၄၅ ယောက်နဲ့ သေဆုံးသူ ၁၉ ယောက်ရှိလာခဲ့ပြီဖြစ်ပြီး လာအိုနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူ ၄၉ ယောက် ရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up