ဘီးလင်းမြို့နယ်၌ မိုင်းပေါက်ကွဲပြီး ၃ ဦး သေဆုံး၊ ၃၀ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
April 2, 2021
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဇုတ်သုပ်နဲ့ ဝဲကလာရွာကြားမှာ ဧပြီ ၁ ရက် ည ၁၁ နာရီလောက်က မိုင်းပေါက်ကွဲပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ် အပါဝင် ၃ ယောက်သေဆုံးခဲ့ကာ ဒဏ်ရာရသူ အယောက် ၃၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို အတည်ပြုပါတယ်။
အဲဒီရွာ နှစ်ရွာအကြား စားကျက်မြေမှာ အကြမ်းဖက်စစ်တပ်က ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့က ဦးဆောင်ပြီး လောင်းကစားဝိုင်းပေးထားရာမှ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
ဒီလောင်းကစားဝိုင်းကိုတော့ ညစဉ် အဲဒီဒေသက ပြည်သူ ထောင်ချီ လာရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။