မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ကမ်းနားလမ်းမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ကိုဇော်ကိုလတ်ရဲ့ ဈာပနကို ဧပြီလ ၂ ရက် မနက် ၁၁ နာရီက ကျင်းပခဲ့ပြီး တောင်အင်းမြောက်အင်းသုဿန်ကို ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပါတယ်။
ကိုဇော်ကိုလတ်ဟာ ၃၈ လမ်းနဲ့ ကမ်းနားလမ်းအနီးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဗိုက်ကို ကျည်ဆန်မှန် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ပြည်သူတွေလုပ်ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားရင်း ပစ်ခတ်တာဖြစ်ပြီး ပစ်ခတ်နေချိန်မှာ ကိုဇော်ကိုလတ်ဟာ ရပ်ကြည့်နေတာလို့ မျက်မြင်တွေ့ရှိသူ က ပြောပါတယ်။
ကိုဇော်ကိုလတ်ဟာ ဂေါဝန်အရန်မီးသတ်တပ်ဖွဲ့က တပ်ဖွဲ့ဝင်ဖြစ်ပြီး အမေကြီးနဲ့ အတူနေထိုင်တာဖြစ်ပါတယ်။