Home
မြန်မာသတင်း
ကျောက်တော်၊ မြောက်ဦး ရခိုင်စစ်ရှောင်စခန်းများသို့ လှူဒါန်းနိုင်ရန် ဖိတ်ခေါ်
DVB
·
April 1, 2021

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့တွေက ရခိုင်စစ်ရှောင်စခန်းတွေကို ရန်ကုန်တက္ကသိုလ်ရခိုင်ကျောင်းသားများသမဂ္ဂက ဦးဆောင်ကာ လိုအပ်တာတွေ လှူဒါန်း သွားဖို့ ရှိနေပြီး လှူဒါန်းလိုသူတွေကို ဖိတ်ခေါ်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင် ပြည် သူတွေဟာ ရေရှားပါးမှု၊ စာနပ်ရိက္ခာမလုံလောက်မှုစတဲ့ အခက်အခဲတွေ ရှိနေကြောင်း ကြားသိရတဲ့အပြင် လက်နက်ကြီး ကျည်စ ထိမှန်ပြီး ဆေးကုသမှု ခံထားရသူတွေဟာ လည်း ဆေးဝါးခ ငွေကြေးအခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခက်အခဲကို ရန်ကုန်တက္ကသိုလ်ရခိုင်  ကျောင်းသားတွေ ဦးဆောင်ကာ တဖက်တလမ်းမှ ကူညီဖေးမပေးနိုင်ရေးအတွက် လှူ ဒါန်းလိုသူတွေအနေနဲ့ မတ် ၂၇ ရက်နေ့ကစတင်ကာ လာမယ့် ဧပြီ ၃ ရက်နေ့ထိ အလှူ ငွေထည့်ဝင်နိုင်မှာ ဖြစ်ပါတယ်။

အလှူငွေတွေကိုတော့ Bank Account ဒါမှမဟုတ် Wave money တွေကတဆင့် အောက်ဖော်ပြပါ Account တွေကို ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

KBZ Pay -09772933863

Wave acc -09798054814

KBZ ATM acc-

Khin Kyawt Kraing 9503 0518 9723 8735

CB Pay - 0131600500047945

AYA acc- 0012223010006075

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024