Ruby Mark နှင့် စစ်တပ်ပိုင် ဂန္ဓာမာ ဟိုးဆေး ကုန်တိုက်များ မီးလောင်

ဒီ မနက်ပိုင်းက ရန်ကုန်မြို့ရှိ  Ruby Mark နဲ့ စစ်တပ်ပိုင် ဂန္ဓာမာဟိုးဆေး ကုန်တိုက်တွေ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်း ၂ နာရီဝန်းကျင်လောက်က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ဂန္ဓမာလမ်း နဲ့ ဝေဇယန္တာလမ်းထောင့်ရှိ စစ်တပ်ပိုင် Gandamar Wholesale ကုန်တိုက်ဟာ မီးလောင်မှုဖြစ်ပွားတာကြောင့် မီးသတ်တပ်ဖွဲ့မှ level ၇ အဆင့်သတ်မှတ်ပြီး မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်ရှိ Ruby Mark ကုန်တိုက်လည်း ဒီနေ့ မနက် ၁ နာရီဝန်းကျင်လောက်က မီးလောင်ကျွမ်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up