Home
မြန်မာသတင်း
ဧပြီ ၁ ရက်နေ့ မီးရထားပြန်ထွက်ရန် သာစည်ဘူတာ CDM ဝန်ထမ်းများ ဖိအားပေးခံနေရ
DVB
·
March 31, 2021

မန္တလေးတိုင်း သာစည်မြို့ သာစည်ဘူတာက  CDMဝန်ထမ်းတွေကို ဧပြီ ၁ရက်နေ့မှာ မီးရထားထွက်နိုင်ဖို့  အာဏာသိမ်း စစ်အုပ်စုက ဖိအားပေးနေတယ်လို့ မီးရထားဘူတာ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"မနေ့က မီးရထားပို့ဆောင်ရေးဌာနစိတ်က ဝန်ထမ်း ၄ ဦးကို မြို့နယ်စစ်ကောင်စီက ခေါ်တယ်၊ ဧပြီလ ၁ ရက်နေ့မှာ အောင်ပန်း ကလောဘက် ရထားထွက်နိုင်အောင်လုပ်ရမယ် ပြောတယ်၊ ပို့ဆောင်ရေး ဝန်ထမ်း ၁၅၀ ကျော်က CDMလုပ်နေကြတာ အဲဒီကို ရုံပိုင်အဆင့်ရှိတဲ့ ဝန်ထမ်းတွေကို ခေါ်ပြီး ဖိအားပေးတယ်၊ ဘူတာ အရာရှိကြီးတွေကတော့ ပုန်းရှောင်နေကြတယ်။ ရတဲ့ဝန်ထမ်းနဲ့ လုပ်မယ်တဲ့ မီးရထားမှာ သူအပိုင်းနဲ့သူ အရေးပါတယ် ဖြစ်သလိုလုပ်ရင် ဒုက္ခရောက်ကုန်လိမ့်မယ်"လို့ ပြောပါတယ်။

သာစည်ဘူတာမှာ မီးရထားဝန်ထမ်း ၅၀၀ ကျော်ရှိနေပြီး CDMလုပ်တဲ့ မီးရထားဝန်ထမ်းတွေကို မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ဝန်ထမ်းအိမ်ရာကနေ စစ်အုပ်စုက ဖယ်ရှားခိုင်းထားပါတယ်။

မတ်လ ၂၆ ရက်နေ့ကတည်းက CDM မီးရထားဝန်ထမ်းတွေဟာ ဝန်ထမ်းအိမ်ရာတွေက ဖယ်ရှားပေးခဲ့ပါတယ်။ နေထိုင်စားသောက်ရေး အခက်အခဲရှိပေမယ့် စစ်အာဏာရှင်လက်အောက် အလုပ်မလုပ်ချင်တာကြောင့် အဆုံးအထိ CDM လုပ်သွားမယ် လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024