အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD-LA အဖွဲ့ဝင် ဦးထွန်းအောင်ကျော်ကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ သူ့ရဲ့နေအိမ်မှာ မတ်လ ၃၀ ရက် မနက် ၁၀ နာရီလောက်က အာဏာသိမ်းစစ်တပ်က ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားမှန်းမသိသေးသလို မိသားစုနဲ့ လုံးဝအဆက်သွယ်ပြတ်နေတဲ့အတွက် သူ့အသက်ဘေးအန္တရာယ်အတွက် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေပါတယ်။
အခုလို ဖမ်းဆီးခေါ်ဆောင်ရာမှာ ဦးထွန်းအောင်ကျော်လို့သိရှိပြီး ဖမ်းတာမဟုတ်ဘဲ ဒလန်သတင်းပေးတွေက မဟုတ်မမှန် စွပ်စွဲမှုတွေကြောင့် ဖမ်းဆီးခံရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။