Home
မြန်မာသတင်း
အာဏာသိမ်းစစ်အုပ်စုကို ဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်ရန် ဒူပလာခရိုင်ရှိ CDM ဝန်ထမ်းများ ဆုံးဖြတ်
DVB
·
March 31, 2021

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေ  ဒူပလာခရိုင် ဝင်းရေးမြို့နယ်က CDM ဝန်ထမ်းတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုကို ဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်သွားဖို့ သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က သတ်မှတ်ထားတဲ့ CDM နောက်ဆုံးစာရင်း အတည်ပြုပေးနိုင်ဖို့နဲ့  အာဏာသိမ်းစစ်အုပ်စုနဲ့ မပတ်သက်ကြတော့ဖို့ ကျောင်းဆရာ ဆရာမတွေအနေနဲ့ ပညာရေးဌာနက ခေါ်တဲ့ အစည်းအဝေးတွေ သင်တန်းတွေ မသွားကြတော့ဖို့ သဘောတူညီခဲ့ကြတာပါ။

အဲဒီတွေ့ဆုံဆွေးနွေးပွဲကို CDM ဝန်ထမ်း ၂၇၉  ယောက် တက်ရောက်ခဲ့ပြီး CDM မှာ မပါသေးတဲ့သူတွေ ဆက်လက်ပါဝင်လာဖို့ အာဏာသိမ်းစစ်အုပ်စုကို တော်လှန်တဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဆက်လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတာပါ။

CRPH က ခန့်အပ်ထားတဲ့ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း မတ်လ ၃၁ ရက် ည ၁၂ နာရီနောက်ဆုံးထားပြီး CDM မှာ ပါဝင််လာဖို့ပြောဆိုထားပြီး CDM မှာ မပါဝင်တဲ့ သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့အစိုးရက ပြင်းပြင်းထန်ထန်အရေးယူမှာ ဖြစ်သလို CDM မလုပ်တဲ့သူတွေက လူသတ်စစ်အုပ်စုနဲ့အတူတူပဲလို့ မတ်လ ၃၁ ရက်နေ့က ပြောဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024