ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၂၉ ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်တပ်တွေ ရပ်ကွက်တွေထဲ ဝင်ပစ်ခဲ့လို့ အသက် ၁၅ နှစ်အရွယ် ယောကျ်ားလေး ၁ ယောက် ကျဆုံးခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကိုင်တပ်တွေက ရပ်ကွက်တွေထဲက အတားဆီးတွေကို လိုက်လံဖယ်ရှားရင် ပြည်သူတွေကို ပစ်ခတ်ခဲ့လို့ အသက် ၁၅ နှစ်အရွယ် မောင်ရာဇာထွေး(ခ)ဖိုးချီ ရင်ဘတ်ကို ကျည်ထိမှန်ကျဆုံးခဲ့တာလို့ မိသားစုဝင်တွေထံက သိရပါတယ်။
မတ်လ ၂၉ ရက်နေ့က အကြမ်းဖက်စစ်အုပ်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ မောင်ရာဇာထွေးကို စစ်တပ်နဲ့ရဲကကားပေါ်ကောက်တင်သွားပြီး မတ်လ ၃၀ ရက်နေ့ရောက်မှ ရင်ခွဲပြီးအလောင်းပြန်ပေး ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ မောင်ရာဇာထွေးဟာ အမေ မုဆိုးမကြီးနဲ့အတူ ညီတစ်ယောက်နဲ့ အစ်ကိုတစ်ယောက် ရှိပြီး တံငါးလုပ်ကိုင်လုပ်ကိုင်ကာ မိဘကိုရှာကျွေးနေသူလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်မြို့မှာ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့လို့ ဖြိုခွင်းခံရတာ ၁၀ ကြိမ်ရှိပြီး မတ်လ ၃၀ ရက်နေ့ ထိ သေဆုံးသူ ၈ ဦးရှိလာခဲ့ပြီလို့ သိရပါတယ်။