၅ နှစ် အရွယ် မိန်းကလေးအား အဓမ္မ ပြုကျင့်သူကို သေဒဏ်ချမှတ်

ဒီနှစ်အစောပိုင်းတုန်းက အသက် ၅ နှစ် အရွယ် မိန်းကလေး ငယ်တယောက်ကို အဓမ္မ ပြု ကျင့်ခဲ့တဲ့ အမျိုးသားတယောက်ကို အောက်တိုဘာလ ၂၆ ရက်နေ့ စနေနေ့ မှာ အန္ဒိယ တရားရုံး တခုက သေဒဏ်အမိန့်ချလိုက်ပါတယ်။ တရားခံ ဖာရွတ်ခန်း ဟာ မိန်းကလေးငယ်ကို ချောကလက်နဲ့ ဖျားယောင်း အဓမ္မပြုကျင့်ပြီး လယ်တော အပြင်ဘက်မှာ ပြစ်ထားခဲ့တာဖြစ်တယ်လို့ တရားရုံးက ပြောပါတယ်။ မိန်းကလေးငယ်ရဲ့ မိဘတွေဟာ နောက်တနေ့ မနက်မှာ သတိလစ်နေတဲ့ သူတို့ သမီးကို ပြန်ရှာတွေ့ခဲ့ပြီး ဆေးရုံ သွားခဲ့ကြတာပါ။ ဒါပေမယ့် နောက်ထပ် ရက် အနည်းငယ် အကြာမှာ အဲ့ဒီ မိန်းက လေးငယ်ဟာ ဆေးရုံမှာ သေသွားခဲ့ပါတယ်။ ဖာရွတ်ခန်း ကို အပြစ်ရှိကြောင်း တွေ့ရှိတဲ့အတွက် သေဒဏ်၊ တသက်တကျွန်းနဲ့ ရူပီငွေ ၂ ထောင် အမေရိကန်ဒေါ်လာနဲ့ဆို ၃၃ ဒေါ်လာလောက် ဒဏ်တွေ ချမှတ်လိုက်တယ်လို့ တရားလိုရှေ့နေတယောက်ကပြောပါတယ်။ ဒီပစ်ဒါဏ်တွေကို သီးခြားစီ ခံယူရမှာလို့လည်း ဆိုပါတယ်။ မိန်းကလေးကို ခေါ်လာပေးတဲ့ ရာကက်ဒ် ဆိုသူကိုလည်း အပြစ်ရှိကြောင်း တွေ့တဲ့အတွက် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။ အန္ဒိယနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေဟာ ပုံမှန်လိုဖြစ်နေပြီး မြို့ကြီးတွေထဲမှာ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု အများဆုံးမြို့ဟာ နယူးဒေလီမြို့ပါ။ နယူးဒေလီမြို့မှာ ၁၈ နာရီတိုင်း အဓမ္မကျင့်မှု တခုဖြစ်နေတယ်လို့ ရဲမှတ်တမ်းတွေက ဆိုပါတယ်။

More News
Up