ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် အမှတ် ၁ ရပ်ကွက်မှာ မတ်လ ၃၀ ရက်နေ့ မနက်က မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၄ လုံးမီးလောင် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၁ ရပ်ကွက် အောင်ဆုပန်းလမ်းက နေအိမ်တစ်အိမ်မှာ ထမင်းပေါင်း အိုးတည်ရာကနေ အပူချိန်လွန်ကဲပြီး နာရီဝက်ကြာ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် မီးသတ်ကား ၄ စီးနဲ့ လာရောက်မီးငြိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး ကျပ်သိန်း ၂၀ ကျော်ဖိုး ဆုံးရှုံးခဲ့ပြီး လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိတာမျိုးတော့ မရှိဘူး လို့ သိရပါတယ်။