Homeမြန်မာသတင်း
ကျဆုံးကျန်းမာရေးဝန်ထမ်းများအတွက် ဆုတောင်းပွဲ မန္တလေး သူနာပြုသင်တန်းကျောင်းရှေ့တွင် ပြုလုပ်
ကျဆုံးကျန်းမာရေးဝန်ထမ်းများအတွက် ဆုတောင်းပွဲ မန္တလေး သူနာပြုသင်တန်းကျောင်းရှေ့တွင် ပြုလုပ်
DVB
·
March 30, 2021
နွေဦးကာလတော်လှန်ရေးမှ ကျဆုံးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဆုတောင်းပွဲကို ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက် မနက် ၇ နာရီက မန္တလေးမြို့ သူနာပြုသင်တန်းကျောင်း မန္တလေးရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဆုတောင်းပွဲကို မန္တလေးမြို့က ဆရာဝန်၊ သူနာပြု နဲ့ ကျန်းမာရေးအသိုင်းအဝိုင်းက လူအင်အား ၆၀ လောက်နဲ့ ပြုလုပ်ခဲ့ကြတာပါ။
ဒီဆုတောင်းပွဲမှာ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြရာမှာ ကျဆုံးသွားခဲ့တဲ့ ဒေါက်တာ ဖြိုးသန့်ဝေ၊ ဒေါက်တာ သီဟတင်ထွန်းနဲ့ သူနာပြု မသဥ္ဇာဟိန်း တို့အတွက် လွမ်းသူပန်းခွေနဲ့ နှင်းဆီးပန်းချပြီး ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ကြတာပါ။