Homeမြန်မာသတင်း
တောင်ဒဂုံ၌ စစ်တပ်က ပြည်သူလူထုကို စစ်ပွဲသုံးလက်နက်များ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
တောင်ဒဂုံ၌ စစ်တပ်က ပြည်သူလူထုကို စစ်ပွဲသုံးလက်နက်များ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
DVB
·
March 29, 2021
ရန်ကုန်တောင်ဒဂုံ ရပ်ကွက်က သပိတ်ခံတပ်တွေကို အကြမ်းဖက် စစ်ကောင်စီ ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေက စစ်ပွဲသုံးလက်နက်တွေ လက်ပစ်ဗုံးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက် နေတာကြောင့် ပြည်သူတွေ သေဆုံးမှုတွေရှိခဲ့သလို ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း အများအပြားရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာ တောင်ဒဂုံ ၅၆ ရပ်ကွက်က သပိတ်ခံတပ်နှစ်ခု ပြိုသွားသလို ဒဏ်ရာရတဲ့သူတွေကို ဆိုင်ကယ်တွေနဲ့ သယ်ထုတ်နေပေမယ့် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက ဆိုင်ကယ်စီးလာသူတွေကိုပါ ပစ်ခတ်နေတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်။