ပစ်ခတ်သတ်ဖြတ်မှုတွေဆက်တိုက် ကြုံနေရတဲ့ မွန်ပြည်နယ် မော်လမြိုင်မှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို မတ်လ ၂၉ ရက်နေ့မနက်က တက္ကသိုလ်ကျောင်းသားတွေက ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
ပိတ်ဆို့ စစ်ဆေးတာ အပါအဝင် လက်နက်ကိုင်လုံခြုံရေးတွေ တိုးမြှင့်ချထားတာကြောင့် အကြမ်းဖက် စစ်ကောင်စီကို လူငယ်တွေက ပြောက်ကျားစနစ်နဲ့ တော်လှန်နေတာဖြစ်ပါတယ်။
မော်လမြိုင်က တက္ကသိုလ်ကျောင်းသားတွေဟာ မတ်လ ၂၇ ရက်နေ့က စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ရာမှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသား ၃ ဦး သေနတ် ဒဏ်ရာရရှိခဲ့ပါတယ်။
ကျောင်းသားတွေကတော့ ဘယ်အခြေအနေပဲ ရောက်ရောက် စစ်အာဏာရှင်ကို အမြစ်ပြုတ်တဲ့အထိ ဆက်လက်တော်လှန်သွားမယ်လို့ ကတိပြုထားပါတယ်။