Home
မြန်မာသတင်း
သာကေတတွင် အကြမ်းဖက်စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် ၁ ဦးကျဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်
DVB
·
March 29, 2021

ရန်ကုန်မြို့ သာကေတမြို့နယ်၊ သုမနလမ်းပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်ကို ဒီနေ့မနက် ၁၀ နာရီလောက်က အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၁ ဦးကျဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသိရှိရပါတယ်။

အကြမ်းဖက်စစ်တပ်က ပစ်ခတ်မှုကြောင့် ဦးခေါင်းထိမှန်သူ ကျဆုံးခဲ့ပြီး ညာဘက်တင်ပါး ထိသူတစ်ဦးနဲ့ လက်မောင်းထိသူတစ်ဦးရှိတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

"သူတို့တွေက မနက် ၁၀နာရီခွဲလောက်မှာ ရာဘာကျည်နဲ့ရော ကျည်အစစ်နဲ့ပါပစ်တာ။ ကောင်းလေးတစ်ယောက်ခေါင်းထိသွားတယ်" လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက သာကေတမြို့နယ်၊ သုမနလမ်းမပေါ်က အမှတ်(၂) ဈေးရှေ့မှာ နေရာယူထားသေးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024