Live
Home
သတင်းတို
ဒုတိယ စီးပွားရေးဇုန် တင်ဒါ နောက်နှစ်ရွှေ့
DVB
·
October 25, 2013
ရန်ကုန် မရမ်းကုန်းမြို့နယ် မင်းဓမ္မစီမံကိန်းနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူကားဝင်း ဟောင်းနေရာတွေမှာ ဒုတိယစီးပွားရေးဇုန်အတွက် တည်ဆောက်ရေးတွေ လုပ်ဖို့ တင်ဒါ ခေါ်ယူခဲ့ရာမှာ တင်ဒါနောက်ဆုံး တင်သွင်းရမယ့်ရက်ကို ၂၀၁၃ ဒီဇင်ဘာကနေ ၂၀၁၄ ဖေဖော်ဝါရီ ၂ ရက်နေ့ကို နောက်ဆုတ်ပေးလိုက်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ အင်ဂျင်နီယာဌာန တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။ လောလောဆယ်အချိန်ထိ ဒေါ်လာ ၁၀၀၀ ပေးပြီး တင်ရတဲ့ တင်ဒါလျှောက်လွှာ တင်သူတွေထဲမှာ နိုင်ငံခြား ကုမ္ပဏီတခုတည်း ပါဝင်နေသေးတာကြောင့် နောက်ထပ် နိုင်ငံခြား ကုမ္ပဏီတွေ တင်ဒါ ၀င်ရောက်လာအောင် စောင့်ဆိုင်းတာ ဖြစ်နိုင်တယ်လို့ သူ့ထင်မြင်ချက်ကို ပြောပါတယ်။ မင်းဓမ္မလမ်းက မြေအကျယ် ၃၆ ဧကနဲ့ မင်္ဂလာတောင်ညွန့် သိမ်ဖြူကားဝင်းဟောင်းက မြေ ၈ ဧက ကျော်အပေါ်မှာ ရန်ကုန်ရဲ့ ဒုတိယ စီးပွားရေးဇုန်အတွက် ဟိုတယ်တွေ၊ ရုံးခန်းတွေ၊ ဈေးဝယ်စင်တာတွေ၊ ရုပ်ရှင်ရုံတွေနဲ့ ခန်းမတွေ ပါဝင်တဲ့ အဆောက်အဦတွေ ဆောက်ဖို့ တင်ဒါခေါ်ထားတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024